ကဗျာဆိုင်ရာဆောင်းပါးများနှင့် ကဗျာစာအုပ်များ
Tuesday, October 15, 2013
ငြိမ်းချမ်းရေးကို အာသာငမ်းငမ်း
"ငြိမ်းချမ်းရေးကို အာသာငမ်းငမ်း" တဲ့။ ဒီလ(၂၀)ရက်နေ့ကနေစပြီး ၀ယ်ယူအားပေးနိုင်မယ့် ကဗျာစာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်။ (၁)အုပ်ရောင်းဈေး (၁၀၀၀)ကျပ် သတ်မှတ်ထားပြီး ပါဝင်ရေးသားသူ(၇၉)ယောက်ဟာ ဘယ်လိုကဗျာကဗျာ(၇၉)ပုဒ်နဲ့ ငြိမ်းချမ်းရေးကို အာသာငမ်းငမ်းရှိနေကြသလဲဆိုတာ သုံးသပ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ စက်တင်ဘာ၊ (၂၁)ရက် ၊ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ထုတ်ဝေခဲ့တာဖြစ်ပေမယ့် အကြောင်းတချို့ကြောင့် အနည်းငယ်နောက်ကျခဲ့တာဖြစ်ပါတယ်။
"ပုစ္ဆာတစ်ခုရဲ့အဖြေဟာ စစ်ပွဲတွေလို့ ဆိုရင် ခင်ဗျားဟာက မေးခွန်းအမှားကြီးကို ဖြေမိနေတာ"တဲ့။
ဟုတ်ပါတယ်။ ကျွန်တော်တို့ မေးခွန်းအမှားကြီးကို ဘာလို့ဆက်ဖြေနေဦးမှာလဲ။
ပုစ္ဆာနံပါတ်ထိုးခဲ့လိုက်၊ ပြီးရင် ဘေးမှာ ငြိမ်းချမ်းရေး လို့ အကြီးကြီးရေးခဲ့လိုက်။
အဲဒီစာမေးပွဲမှာ တစ်ကမ္ဘာလုံး ကျရှုံးရင်တောင် ခင်ဗျားအောင်ပြီ။
Thursday, October 10, 2013
ဧရာဝတီ မြစ်စောင့်ကဗျာများ
"ဧရာဝတီ မြစ်စောင့်ကဗျာများ"ဆိုတဲ့ ကဗျာစာအုပ်လေးဟာ အောက်တိုဘာ ၁၀ ရက်နေ့မှာ ထွက်ရှိလာပါတယ်။ စာအုပ်အမှတ်တရ တီရှပ်များလည်း ရိုက်နှိပ်ရောင်းချပေးမှာဖြစ်ပါတယ်။ စာအုပ်ရောင်းဈေး(၂၀၀၀)ကျပ်၊ တီရှပ်ရောင်းဈေး(၃၀၀၀)ကျပ် ဖြင့် နှစ်သက်ရာကို ၀ယ်ယူအားပေးနိုင်ပါတယ်။ ကြယ်နီစာအုပ်တိုက်က ထုတ်ဝေပြီးတော့ ရာပြည့်မန္တလေး(အလင်္ကာစာပေ) မှ ဖြန့်ချိပေးသွားမှာဖြစ်ပြီး နယ်မှ မှာယူလိုသူများအနေနဲ့ လင်းခါး(၀၉-၄၀၂၇၀၁၁၉၃) သို့ ဆက်သွယ်မှာယူနိုင်ပါတယ်။
ကဗျာစာအုပ်နှင့် တီရှပ်ရောင်းရငွေများကို အမှန်တကယ်လိုအပ်နေသော နေရာများမှာ ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။ စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ Home Media ခန်းမတွင် ၁၅.၁၀.၂၀၁၃ ရက်၊ အင်္ဂါနေ့ ၊ နေ့လည် (၁း၀၀)မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
စိတ်ဝင်စားသူများ တက်ရောက်ဝယ်ယူအားပေးနိုင်ပါတယ်။
မြစ်ကြီးတစ်စင်းလုံးကို ၀ယ်သိမ်းမထားနိုင်တဲ့ဘ၀မှာ မြစ်စောင့်ကဗျာများကိုတော့ ၀ယ်သိမ်းထားချင်စိတ်ကလေး အနည်းငယ်ရှိရုံနဲ့ ကျွန်တော်တို့ ဖြေသိမ့်နိုင်မယ်လို့ ထင်ရတာပါပဲ။ အမှန်ကတော့ ခင်ဗျားတို့ရော၊ ကျွန်တော်တို့ရော လက်ဖျံရိုးတွေဆက်ပြီး ဟောဒီမြစ်ကြီးကို တံတိုင်းခတ်ပစ်ချင်ခဲ့တာမဟုတ်လား။
Wednesday, October 9, 2013
ဒီအလွမ်းကို ဆက်ပြီးမဆိုပါနဲ့ ကဗျာဖြစ်ခြင်း - သီမာဝင်း
ကဗျာစာအုပ်တစ်အုပ်ရောင်းဈေး(၁၀၀၀)ကျပ်နဲ့ ၀ယ်ယူအားပေးနိုင်ပါတယ်။
Saturday, October 5, 2013
" စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး " ခံစားမှု ကဗျာများ
" စစ်/ ပြည်တွင်းစစ်/ ငြိမ်းချမ်းရေး" ခံစားမှု ကဗျာများ ဆိုတဲ့ စာအုပ်ကလေးကို အမြို့မြို့အနယ်နယ်က စာအုပ်ဆိုင်တွေမှာ ၀ယ်ယူရရှိနိုင်ပါတယ်။
ပြည်တွင်းစစ်ကြောင့် အတိဒုက္ခရောက်နေသူအပေါင်းကို ကူညီလှူဒါန်းရန် ထုတ်ဝေတဲ့ ကဗျာစာအုပ်ပဲဖြစ်ပါတယ်။ (၁)အုပ် ရောင်းဈေး (၂၀၀၀)ကျပ် ဖြစ်ပါတယ်။ ၀ယ်ယူအားပေးခြင်းဖြင့် အလှူငွေများ ထည့်ဝင်နိုင်ပါတယ်။
"စစ်ကို ငါတို့အဆုံးမသတ်ရင် ၊ စစ်က ငါတို့ကို အဆုံးသတ်သွားလိမ့်မယ်"ဆိုတဲ့ H.G.Wells ရဲ့စကားအတိုင်း ကျွန်တော်တို့အားလုံးက စစ်ကို လက်ဦးအောင် အဆုံးသတ်လိုက်ကြပါစို့၊ အမြစ်ဖြတ်လိုက်ကြပါစို့၊ မြေလှန်လိုက်ကြပါစို့။
ကိုရွေး - 09420073839
မိုးဝေး - 0973027669
အံ့ဘွယ်ဇင် - 0943052751 တို့ကိုလည်း တိုက်ရိုက်ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။
Subscribe to:
Comments (Atom)